Posts

အိုင်ဆေးချမ်းကိုနှင့် သူ၏သူငယ်ချင်းမလေးတစ်ယောက် အကြောင်း

Image
ရေးသားသူ – Channko (ချမ်းကို) အဟမ်း! ဒီလိုဗျာ ခင်ညားတို့ဘဝမယ် တခါတလေ ခရီးသွားဟန်လွှဲ လျှောက်သွားရင်း လူတွေကြားထဲ ထင်းကနဲဖြစ်နေတဲ့ မိန်းကလေးမျိုး မြင်ဖူးကြမှာပေါ့။ ကုလားဖြူလိုပြောရင် စတန်းနင်းဖြစ်တဲ့ ရူပကာမျိုးဗျာ။ ပြင်ပြင်ဆင်ဆင်လုပ်ထားလို့ ထင်းနေတာမျိုးပြောတာ မဟုတ်ဘူးနော်။ ဘာမှ မဖီးမလိမ်း မပြင်မဆင်ထားပဲနဲ့ကို မြင်လိုက်ရတာနဲ့ ဟယ်! ရုပ်ကလေးကကွာ ဆိုပြီး ထင်းကနဲ ဖြစ်နေတဲ့ပုံစံမျိုး။ ပမာပြောရရင် the matirx reloaded ရုပ်ရှင်ဇာတ်ကားထဲက မာယာရှင် ပါစီဖုန်း (Monica Bellucci) လို ရုပ်ရည်မျိုးဗျာ။ (မူးမူးနဲ့ လျှောက်ပြောပစ်တာ များကုန်ပြီထင်တယ် ဟီဟိ) ကျနော့်မှာ အဲ့လိုရုပ်ရည်မျိုးပိုင်ရှင် သူငယ်ချင်းမလေးတစ်ယောက် ရှိခဲ့ဖူးတယ်ဗျ။ ကျနော်ရယ် သူရယ် နောက်ထပ်ကောင်မလေး နှစ်ယောက်ရယ်က ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးတာပေါ့ဗျာ။ အခုပြောပြမယ့် ဇာတ်လမ်းထဲက ကောင်မလေးက တစ်ခုလပ်မလေး။ ပြောရရင် တစ်ခုလပ် ကလေးတစ်ယောက်အမေ လောကကြီးကို အံတင်းတင်းကြိတ်လို့ တစ်ယောက်ထဲ ရင်ဆိုင်ဖြတ်သန်းနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းမပြီးခင်မှာ အိမ်ထောင်ကျတယ်။ ကလေးပေါက်စနကလေး မွေးပြီးတဲ့အချိန်မှာ ယောကျ်ား...